အိန္ဒိယနိုင်ငံ၌ ဓါတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲမှုကြောင့် နေအိမ်ငါးလုံးပြိုကျပျက်စီး

နိုဝင်ဘာ ၂၉

အိန္ဒိယနိုင်ငံ၏မြို့တော်မွမ်ဘိုင်းရှိ လူနေထူထပ်သောဒေသတွင် ဆလင်ဒါအိုးတစ်လုံးပေါက်ကွဲမှုကြောင့် နေအိမ်ငါးလုံး ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါပေါက်ကွဲမှုကြောင့် မြို့တော်မွမ်ဘိုင်းရှိ ချမ်ဘာဒေသ လမ်းသွယ်အတွင်းရှိနေအိမ်များထိခိုက်ပျက်စီးခဲ့သည်။

ထိုအဆောက်အဦအပျက်အစီးများအောက်တွင် ၁၁ ဦး နစ်မြုပ်နေပြီး ၎င်းတို့ကိုဘေးကင်းစွာဖြင့် ကယ်ဆယ်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားသည်။ ၎င်းတို့အနက်လေးဦးမှာ ဒဏ်ရာများရရှိသဖြင့် ၎င်းတို့ကိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ချက်ပြုတ်ရာတွင်အသုံးပြုသောဓါတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲမှုဖြစ်ရာမှ နေအိမ်ငါးလုံးပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လှေကားအုံများနှင့် လသာဆောင်များပြိုကျမှုနှင့်အတူ အဆောက်အဦများ ပျက်စီးခဲ့ပုံကို ရုပ်သံဗွီဒီယိုဖိုင်တွင် ပြသထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို