အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၉၀၆ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၁၃

 

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၉၀၆ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၄၅ ဦး ထပ်မံသေဆုံးခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၁၃၂၄၅၇ ဦး ရှိလာကြောင်း ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၃၆၆၉၈၅၀ ရှိလာသည်ဟု သိရသည်။

 

အိန္ဒိယနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်း ဘီအေ -၂ ဒသမ ၇၅ အမျိုးအစား ကူးစက်မှုများပြားလာကာ ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုမြင့်မားလာခဲ့သည်။

 

ထိုသို့ ဗီဇပြောင်းကူးစက်မှုလျင်မြန်စွာဖြစ်ပွားလာမှုအပေါ် ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို