အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၂၄ ဦး ထပ်မံတွေ့ရှိ

မေ ၂၅

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၂၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၃၁၄၂၁၉၂ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ၁၇ ဦးသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၅၂၄၅၀၇ ဦး ရှိလာသည်ဟု သိရသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားဆဲလူနာ ၁၄၉၇၁ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၂၆၀၂၇၁၄ ဦး ရှိလာသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို