အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၇၇၅ ဦး ထပ်မံတွေ့ရှိ

နယူးဒေလီ ဇန်နဝါရီ ၂

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၇၇၅ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၇၈၆၁၅၇၉ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၀၆ ဦး ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူပေါင်း ၄၈၁၄၈၆ ဦးရှိလာကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၁၀၄၇၈၁ ဦး ရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၈၉၄၉ ဦး ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ပေါင်း ၃၄၂၇၅၃၁၂ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ရှိနေသည့်အပြင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည်လည်း စုစုပေါင်း ၁၄၃၁ ဦးရှိလာကြောင်း၊ ယင်းတို့အနက် မဟာရက်ရှ်ထရာ၌ ၄၅၄ ဦးနှင့် နယူးဒေလီ၌ ၅၃၁ ဦးရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်