မေ ၁၀
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၈၈ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၀ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၂၄၁၀၃ ဦးအထိ ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၉၆၃၇ ဦးရှိသည်ဟုဖော်ပြထားသည်။
အဆိုပါကိုဗစ်ရောဂါကူးစက်ခံရသူများသည် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယနေ့အထိ ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း၄၂၅၆၃၉၄၉ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို