အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၄၁ ဦး ထပ်မံတွေ့ရှိ

ဧပြီ ၂၅

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၄၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူ ၄၃၀၆၀၀၈၆ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။

 

ပြီးခဲ့သည့်လများအတွင်း ကိုဗစ်ရောဂါကူးစက်သူအရေအတွက်လျော့ကျလာပြီးနောက် ကိုဗစ်ရောဂါနေ့စဉ် ကူးစက်ခံရသူ ဦးရေ ၂၀၀၀ ကျော်ရှိလာသည်မှာ ခြောက်ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူ ၃၀ ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၅၂၂၂၂၃ ဦးရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၆၅၂၂ ဦးရှိသည်။ လွန်ခဲ့သောနှစ်လခွဲအတွင်း ကိုဗစ်ကူးစက်ခံရသူဦးရေ လျော့ကျခဲ့သော်လည်း ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ကိုဗစ်ကူးစက်အရေအတွက်မှာ စတင်မြင့်တက်လာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၂၅၂၁၃၄၁ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို