အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၈ ဦး ထပ်မံတွေ့ရှိ

နယူးဒေလီ မေ ၃၀

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၈ ဦး ထပ်မံတွေ့ရှိခဲ့သည့်အတွက် ရောဂါကူးစက်ခံ ရသူပေါင်း ၄၃၁၅၃၀၄၃ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။

 

ထို့ပြင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၁၄ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၅၂၄၅၈၆ ဦးရှိကြောင်း သိရသည်။

 

လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၁၇၀၈၇ ဦးရှိကြောင်း သိရသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၃၅ ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားကြရာ ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၄၂၆၁၁၃၇၀ ရှိပြီဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ၊

ဘာသာပြန်- အောင်ကျော်ကျော်