အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၄၁ ဦး ထပ်မံတွေ့ရှိ

မေ ၁၃

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၄၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၃၁၁၆၂၅၄ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင်း ကိုးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၂၄၁၉၀ ဦး အထိ ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၈၆၀၄ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

ဒေလီမြို့ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၄၉၂၈ ဦး ရှိသည်။

 

နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသဖြင့် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယနေ့အထိ ဆေးရုံအသီးသီးမှ ဆင်းလာသူပေါင်း ၄၂၅၇၃၄၆၀ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို