အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၄၁ ဦး ထပ်မံတွေ့ရှိ

နယူးဒေလီ   ဇွန်   ၈

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၇၁၄ ဦး ထပ်မံတွေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၃၁၈၅၀၄၉  ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူခုနစ်ဦး ထပ်တိုးလာ ခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၄၇၀၈ ဦးရှိလာကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၂၆၉၇၆ ဦးရှိကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူ ၂၅၁၃ ဦး ထပ်မံတွေ့ရှိသဖြင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၄၂၆၃၃၃၆၅ ဦးရှိလာကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်