အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၃၀၄၇၅၉၄ ဦး ရှိလာ

ဧပြီ ၂၀

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၆၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၄၇၅၉၄ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် လူ ၄၀ ထပ်မံသေဆုံးခဲ့သဖြင့် ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၅၂၂၀၀၆ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၂၃၄၀ ဦးရှိသည်။ ပြီးခဲ့သည့်နှစ်လခွဲအတွင်း ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားသူအရေအတွက် လျော့နည်းလာသော်လည်း  လွန်ခဲ့သောရက်အနည်းငယ်အတွင်း ရောဂါ ကူးစက်ဖြစ်ပွားသူ ဦးရေ မြင့်တက်လာသည်။

 

နိုင်ငံအတွင်း ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၂၅၁၃၂၄၈ ဦးရှိသည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို