အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၃၀၆၂၅၆၉ ဦး ရှိလာ

ဧပြီ ၂၆

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၈၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၃၀၆၂၅၆၉ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

 

မကြာသေးမီသီတင်းပတ်များအတွင်း ကိုဗစ်ကူးစက်မှုအရေအတွက်လျော့ကျလာခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၂၀၀၀ ကျော်ရှိလာသည်မှာ ခုနစ်ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၃၉၉ ဦး သေဆုံးပြီး သေဆုံးသူပေါင်း ၅၂၃၆၂၂ ဦး ရှိလာသည်။ ပြီးခဲ့သည့်ရက်များအတွင်း သေဆုံးသူဦးရေ ၅၀ နီးပါးရှိခဲ့ရာ တစ်ရက်အတွင်း သေဆုံးသူဦးရေ မြင့်တက်လာခြင်း ဖြစ်သည်။ 

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ  ၁၅၆၃၆ ဦး ရှိသည်။ ပြီးခဲ့သည့်နှစ်လခွဲအတွင်း ကိုဗစ်ရောဂါကူးစက်သူဦးရေ လျော့ကျလာခဲ့သော်လည်း မကြာသေးမီရက်များအတွင်း စတင်မြင့်တက်လာခြင်း ဖြစ်သည်။

 

နိုင်ငံအတွင်း ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းလာသူပေါင်း ၄၂၅၂၃၃၁၁ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို