အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၆၁၄၈ ဦး ထပ်မံတွေ့ရှိ၊ သေဆုံးသူဦးရေ ၁၀၀၀ အောက်ကျဆင်း

ဇွန် ၂၈

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၆၁၄၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၃၀၂၇၉၃၃၁ ဦးအထိ မြင့်တက်လာသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၉၇၉ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူဦးရေ ၃၉၆၇၃၀ အထိရှိလာသည်။

 

နှစ်လခွဲနီးပါးအတွင်း နေ့စဉ်သေဆုံးသူဦးရေ ၁၀၀၀ အောက်လျော့နည်းခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

 

ဧပြီ ၁၄ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၁၀၀၀ ကျော် ရှိခဲ့သည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူစုစုပေါင်း ၂၉၃၀၉၆၀၇ ဦး ရှိသည်။

 

လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၇၂၉၉၄ ဦး ရှိနေဆဲဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို