အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၉၅ ဦး ထပ်မံတွေ့ရှိ

ဧပြီ ၅

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၉၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၂၉၈၃၉ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရမှုကြောင့် ၅၈ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၅၂၁၄၁၆ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါလတ်တလောဖြစ်ပွားဆဲလူနာ ၁၂၀၅၄ ဦး ရှိသည်။

 

အိန္ဒိယနိုင်ငံတွင် ရောဂါကူးစက်မှုကျဆင်းလာသည်မှာ  ရက် ၇၀ ဆက်တိုက်ရှိလာပြီဖြစ်သည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းသွားသူပေါင်း ၄၂၄၉၆၃၆၉ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို