အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၀၈၈ ဦး ထပ်မံတွေ့ရှိ

နယူးဒေလီ နိုဝင်ဘာ ၂၃

 

အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၀၈၈ ဦးထပ်မံတွေ့ရှိသဖြင့် ကူးစက်ခံရသူပေါင်း ၃၄၅၁၈၉၀၁ ဦးရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှရရှိသော အချက်အလက်များအရ သိရသည်။

 

ထို့ပြင် ၂၄၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ကြောင့် ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံး သူပေါင်း ၄၆၅၉၁၁ ဦးရှိလာကြောင်း သိရသည်။

 

လွန်ခဲ့သည့်တစ်ရက်အတွင်း ရောဂါ ပိုးတွေ့ရှိဆဲလူနာ ၄၂၇၁ ဦး ထပ်မံတွေ့ရှိ ခဲ့သဖြင့် လက်ရှိအချိန်၌ နိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိဆဲလူနာ ၁၁၈၄၄၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၃၃၉၃၄၅၄၇ ဦးရှိကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ