အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၇၆၅ ဦး ထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၂

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၇၆၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၃၄၆၀၆၅၄၁ ဦးအထိမြင့်တက်လာကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၄၇၇ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၆၉၇၂၄ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေဆဲလူနာ ၉၉၇၆၃ ဦး ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှဆင်းလာသူ ၈၅၄၈ ဦး ရှိရာ ပြန်လည်ကျန်းမာရေးကောင်းမွန်လာသူပေါင်း ၃၄၀၃၇၀၅၄ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို