အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၂ သန်းကျော်ရှိ

ဖေဖော်ဝါရီ ၂၃

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၁၀၂ ဦးထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၂၈၆၇၀၃၁ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် ၂၇၈ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၅၁၂၆၂၂ ဦးရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၁၆၄၅၂၂ ဦး ရှိသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှဆင်းသွားသူ ၃၁၃၇၇ ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၄၂၁၈၉၈၈၇ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို