အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၃၀၈၈၁၁၈ ဦးရှိလာ

နယူးဒေလီ မေ ၄ 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်  ၃၂၀၅ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် လက်ရှိအချိန်အထိ အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၄၃၀၈၈၁၁၈ ဦးရှိလာကြောင်း ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များက ပြသထားသည်။

ထို့အပြင် ဒေလီဒေသတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၁၄ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် ဒေလီဒေသ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေသောလူနာ  ၅၉၈၆ ဦးရှိကြောင်း သိရသည်။

အလားတူ အိန္ဒိယနိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သည့်တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၃၀ ထပ်မံ သေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၃၉၂၀ ရှိလာသည်။

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေသောလူနာ သစ် ၃၇၂ ဦး ထပ်ရှိလာခြင်းကြောင့် လတ်တလောအချိန်တွင် အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှု ခံယူနေသောလူနာပေါင်း ၁၉၅၀၉ ဦးရှိလာကြောင်း သိရသည်။  

လက်ရှိအချိန်အထိ အိန္ဒိယအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောလူနာ ၄၂၅၄၄၆၈၉ ဦးကို အောင်မြင်စွာ ဆေးဝါးကုသပေးခဲ့ပြီး ယင်းတို့အနက်လူနာ ၂၈၀၂ ဦးသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆေးရုံများမှ ဆင်းခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ