အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၂၀၀၀၀ ကျော် ထပ်မံတွေ့ရှိ

ဇူလိုင် ၂၈

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၅၅၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၃၉၅၉၃၂၁ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုသည် ပြီးခဲ့သည့် သုံးရက်အတွင်း ကူးစက်မှုအရေအတွက်၂၀၀၀၀ အောက်လျော့ကျခဲ့ပြီးနောက် ယနေ့တွင် ရောဂါကူးစက်မှု ၂၀၀၀၀ ကျော်ရှိလာသည်ဟု တာဝန်ရှိသူများက ဆိုသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၃၂၈၆၇၈၇ ဦးရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၄၆၃၂၃ ဦး ရှိသည်ဟု ဖော်ပြထားသည်။

 

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ နိုင်ငံအတွင်း ယနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၂၀၃၂၁၈၂၃၄၇  ဦးရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို