အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၃၄၆၇၄၇၄၄ ဦးရှိလာ

ဒီဇင်ဘာ ၁၀

 

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ ၈၅၀၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၆၇၄၇၄၄ ဦးအထိ မြင့်တက်လာသည်ဟု ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၆၂၄ ဦး သေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၄၇၄၇၃၅ ဦးရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်ဖြစ်ပွားဆဲလူနာ ၉၄၉၄၃ ဦးရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၃၄၁၀၅၀၆၆ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို