အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူဦးရေ ၁၇ လအတွင်း အနည်းဆုံးဖြစ်လာ

နိုဝင်ဘာ ၁၅

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၂၂၉ ဦးရှိသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၄၄၄၇၅၃၆ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အတူ ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ၁၂၅ ဦး သေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၆၃၆၅၅ ဦးရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါလက်ရှိဖြစ်ပွားနေဆဲလူနာ ၁၃၄၀၉၆ ဦးရှိပြီး ရက်ပေါင်း ၅၂၃ ရက်အတွင်း ရောဂါကူးစက်သူဦးရေ အနည်းဆုံးဖြစ်သည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၁၉၂၆ ဦးရှိပြီး ယနေ့အထိ ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၃၃၈၄၉၇၈၅ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို