အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၃၃ ဦး ထပ်မံတွေ့ရှိ

ဧပြီ   ၇

 အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၃၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၃၁၉၅၈ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၄၃ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၂၁၅၃၀ ဦးအထိ မြင့်တက်လာသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၁၁၆၃၉ ဦး ရှိသည်။ နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူအရေအတွက်ကျဆင်းလာသည်မှာ ၇၂ ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးကောင်းမွန်လာသူ ၁၂၂၂ ဦးရှိပြီး ဆေးကုသမှုခံယူပြီးနောက် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၂၄၉၈၇၈၉ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို