အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၀၉၂ ဦး ထပ်မံတွေ့ရှိ

 

နယူးဒေလီ ဩဂုတ် ၁၄

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၀၉၂ ဦး စစ်ဆေး တွေ့ရှိရသည့်အတွက် ရောဂါ ကူးစက်ခံရသူပေါင်း ၄၄၂၅၃၄၆၄ ဦး ရှိပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ အရေအတွက်သည် ဩဂုတ် ၁၃ ရက်တွင် တွေ့ရှိသည်ထက် ပိုမိုလျော့ကျလာကြောင်း သိရသည်။

 

ပိုးတွေ့ဆဲလူနာ အရေအတွက်သည် လွန်ခဲ့သောရက်သတ္တပတ် အနည်းငယ်အတွင်းက စပြီးမြင့်တက်လာခဲ့သည်။ လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၁၁၆၈၆၁ ဦး ရှိ ကြောင်း သိရသည်။

 

ထို့ပြင် လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကြောင့် ၄၁ ဦး သေဆုံးခဲ့သည့်အတွက် အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၅၂၇၀၃၇ ဦး အထိ ရှိလာပြီဖြစ်သည်။

 

နေ့စဉ်ကူးစက်မှုနှုန်းသည် ၃ ဒသမ ၆၉ ရာခိုင်နှုန်းရှိပြီး ရက်သတ္တပတ်အတွင်း ကူးစက်မှုနှုန်း မှာ ၄ ဒသမ ၅၇ ရာခိုင်နှုန်းရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဆိုသည်။ သို့သော် ရောဂါမှပြန်လည် သက်သာလာသူပေါင်း ၄၃၆၀၉၅၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ ကာကွယ် ဆေးအလုံးရေ နှစ်ဘီလီယံကျော် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-အောင်ကျော်ကျော်