အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၃၈ ဦး ထပ်မံတွေ့ရှိ

နယူးဒေလီ  ဇွန် ၁

အိန္ဒိယနိုင်ငံ၌   လွန်ခဲ့သည့်  တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၃၈ ဦး ထပ်မံ တွေ့ရှိသဖြင့်   ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူ ပေါင်း ၄၃၁၅၈၀၈၇  ဦးရှိလာကြောင်း အိန္ဒိယကျန်းမာ ရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၉ ဦး ထပ်တိုးလာခြင်းကြောင့် အဆိုပါ ရောဂါဖြင့်  သေဆုံးသူပေါင်း ၅၂၄၆၃၀ ရှိလာကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာ စုစုပေါင်း ၁၇၈၈၃ ဦးရှိကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း    ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည် ကျန်းမာလာသူ ၂၁၃၄ ဦး ထပ်မံတွေ့ရှိသဖြင့် အဆိုပါ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၄၂၆၁၅၅၇၄ ဦးရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်