အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၂၃၈၀ ထပ်မံတွေ့ရှိ

နယူးဒေလီ   ဧပြီ     ၂၁

အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ် -၁၉ ရောဂါကူးစက်ခံရသူ   ၂၃၈၀  ထပ်မံတွေ့ရှိ သဖြင့်  နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၄၃၀၄၉၉၇၄  ဦးရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အလက်များ အရ သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၅၆ ဦးထပ်မံ သေဆုံးသဖြင့် အဆိုပါရောဂါကြောင့် သေဆုံးသူ ၅၂၂၀၆၂ ဦးရှိလာသည်။

 နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာ ၁၃၄၃၃ ဦးရှိပြီး  ရောဂါမှ  ပြန်လည်ကျန်းမာလာသူ ပေါင်း ၄၂၅၁၄၄၇၉ ဦးရှိကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ