နယူးဒေလီ ဇွန် ၄
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၆၂ ဦး ထပ်မံတွေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၃၁၇၂၅၄၇ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး အချက်အလက်များအရ သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံတစ်ဝန်း၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၆ ဦး ထပ်တိုးလာခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၄၆၇၇ ဦး ရှိလာကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၂၂၄၁၆ ဦးရှိကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၂၆၉၇ ဦးထပ်မံတွေ့ရှိသဖြင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၄၂၆၂၅၄၅၄ ဦးရှိလာကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်