အိန္ဒိယနိုင်ငံ၌ လေးထပ်အဆောက်အဦပြိုကျမှုကြောင့် သုံးဦးထက်မနည်းသေဆုံး

ဇန်နဝါရီ ၂၆ 

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် လေးထပ်အဆောက်အဦတစ်လုံးပြိုကျမှုကြောင့် လူသုံးဦးထက်မနည်းသေဆုံးပြီး လူအများအပြားပိတ်မိနေကြောင်း ဖော်ပြထားသည်။

 

အဆိုပါလူနေအဆောက်အဦသည် ဇန်နဝါရီ ၂၄ ရက်က ပြိုကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ကယ်ဆယ်ရေးသမားများက ထိုပြိုကျအပျက်အစီးများအောက်တွင် ပိတ်မိနေသူ ကလေး နှစ်ဦးအပါအဝင် ၁၀ ဦး ကျော်ကိုဆွဲထုတ်ကယ်ဆယ်ပြီးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

 

ထိုပြည်နယ်၏မြို့တော် လက်ခ်နောင်းရှိ ပြိုကျမှုဖြစ်ပွားရာအရပ်တွင် လူနေထိုင်မှုပြည့်ကျပ်လျက်ရှိသည်ဟု သိရသည်။

 

အာဏာပိုင်များက ထိုပြိုကျမှုနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိသောအကြောင်းရင်းကိုမူ မှတ်ချက်ပြုပြောကြားခြင်း မရှိခဲ့ပေ။

 

အိုဟောင်းသောအဆောက်အဦနှင့် တရားမဝင်ဆောက်လုပ်မှုတို့ကြောင့် အိန္ဒိယနိုင်ငံတွင် ယင်းကဲ့သို့ဖြစ်ရပ်များ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို