အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၀၀၀ ကျော် ထပ်မံတွေ့ရှိ

နယူးဒေလီ ဇွန် ၂၃ 

 

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၃၁၃ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၄၃၃၄၄၉၅၈ ဦး ရှိလာကြောင်း ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည့်နောက်ဆုံးအချက်အလက်များအရ သိရသည်။ 

 

အလားတူ အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူနာ ၃၈ ဦး ထပ်မံ သေဆုံးခဲ့သဖြင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၄၉၄၁ ဦး ရှိလာသည်။

 

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသောလူနာ  ၈၃၉၉၀ ရှိပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း လက်ရှိကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက လူနာ ၂၃၀၃ ဦး တိုးလာကြောင်း သိရသည်။

 

သို့သော် အိန္ဒိယနိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောလူနာ ၄၂၇၃၆၀၂၇  ဦးသည် အောင်မြင်စွာ ဆေးဝါးကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံများမှ ပြန်ဆင်းခဲ့ပြီး ၎င်းတို့အနက် လူနာ ၁၀၉၇၂ ဦးသည် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ဆေးရုံများမှ ပြန်ဆင်းခွင့်ရကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ