ဇူလိုင် ၁၇
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီရှာပြည်နယ်တွင် ဘာသာရေးပွဲတစ်ခုအတွင်း လူအုပ်ပြိုမှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်ရပ်သည် အိုဒီရှာပြည်နယ် ပူရီဒေသတွင် နှစ်ပတ်လည် ဘာသာရေးပွဲတစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူအုပ်ပြိုမှုဖြစ်ပွားချိန်က ဘာသာရေးပွဲအတွက် လူအုပ်ကြီး စုဝေးနေချိန်ဖြစ်သည်ဟု သိရသည်။
ဒဏ်ရာရရှိသူများကို အနီးနားရှိဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် နောက်ထပ် အသေးစိတ် အချက်အလက်များ ချက်ချင်းရရှိနိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


