အိန္ဒိယနိုင်ငံ၌ MiG-21 တိုက်လေယာဉ် ပျက်ကျမှုဖြစ်ပွားသဖြင့် လေယာဉ်မှူးတစ်ဦး သေဆုံး

မေ ၂၁

 

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင်  MiG-21 တိုက်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့သောကြောင့် အိန္ဒိယလေတပ်(IAF)မှ လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့သည်ဟု ယနေ့တွင် ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

လေယာဉ်ပုံမှန် လေ့ကျင့်ပျံသန်းမှု ပြုလုပ်နေချိန်တွင် ယမန်နေ့ညနှောင်းပိုင်းက ယင်းသို့ မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယလေတပ်(IAF)က ကျန်ရစ်သူမိသားစုနှင့်အတူ အခိုင်အမာရပ်တည်ပြီး ထိုမတော်တဆမှုဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး ဝမ်းနည်းစကား ဆိုခဲ့သည်။

 

အဆိုပါ MiG-21 လေယာဉ်ပျက်ကျမှုသည် ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မီဒီယာ၏ ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို