အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၁၆၆ ဦးထပ်မံတွေ့ရှိ

ဖေဖော်ဝါရီ ၂၅

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၁၆၆ ဦးထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၂၈၉၄၃၄၅ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၀၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၁၃၂၂၆ ဦးရှိလာသည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၃၄၂၃၅ ဦးရှိသည်။ နိုင်ငံအတွင်း ကိုဗစ်ကူးစက်ဖြစ်ပွားမှုအရေအတွက် လျော့ကျလာသည်မှာ ၃၂ ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။

 

ဆေးကုသမှုခံယူပြီးနောက် တစ်ရက်အတွင်း ကျန်းမာရေးကောင်းမွန်လာသူ ၂၆၉၈၈ ဦးရှိသည်။

 

ကိုဗစ်ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသဖြင့် ယနေ့အထိ ဆေးရုံများမှဆင်းသွားသူပေါင်း ၄၂၂၄၆၈၈၄ ဦးရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို