အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၈၁၅ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၈

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၈၁၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၃၅၈၅၅၅၄  ဦးအထိ ရှိလာသည်ဟု ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၃၈ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၂၅၃၄၃ ဦးအထိ ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၂၂၃၃၅ ဦး ရှိသည်။ ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၁၀၀၀၀၀ အထက်ရှိရာ လေးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကူးစက်မှုမြင့်တက်လာခြင်း ဖြစ်သည်။

 

နိုင်ငံအတွင်း ယနေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ဆေးကုသမှုခံယူပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၂၉၃၇၈၇၆ ဦးအထိ ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို