အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၃၀၆၁၅ ဦးရှိ

ဖေဖော်ဝါရီ ၁၆

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၆၁၅ ဦးရှိသောကြောင့် ကူးစက်ဖြစ်ပွားသူပေါင်း ၄၂၇၂၃၅၅၈ ဦးအထိ မြင့်တက်လာသည်။

 

ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ၅၁၄ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၀၉၈၇၂ ဦးရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၃၇၀၂၄၀ ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၈၂၉၈၈ ဦးအပါအဝင် ယနေ့အထိ ဆေးရုံများမှဆင်းသွားသူပေါင်း ၄၁၈၄၃၄၄၆ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို