အိန္ဒိယနိုင်ငံရဲ့ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်မှာ ၁၁ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်း

၂၉ ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံက ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်မှာ ၁၁ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားကြောင်း ဒီနေ့ (သောကြာနေ့)မှာ ခန့်မှန်းချက် ထွက်ပေါ်ခဲ့ပါတယ်။

 

ပြီးခဲ့ ဘဏ္ဍာရေးနှစ်မှာတော့ ၇.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် လာမယ့်နှစ်မှာ ၁၁.၅ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ သုတေသနအပေါ်အခြေခံပြီး အိန္ဒိယအစိုးရ ပြောကြားတာဖြစ်ပါတယ်။

 

နိုင်ငံရဲ့ စီးပွားရေးဟာ နှစ်ပေါင်းလေးဆယ်အတွင်း အဆိုးဆုံးအခြေအနေကနေ ပြန်လည် ဦးမော့လာမှာ ဖြစ်တဲ့အတွက် V ပုံစံလို့ ဆိုနိုင်ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ IMF ရဲ့ သုတေသနစာတမ်းဟာ တနင်္လာနေ့မှ ထုတ်ပြန်မှာဖြစ်ပေမယ့် စာတမ်းမထွက်ခင်မှာ အိန္ဒိယအစိုးရဲ့ ခန့်မှန်းချက် ထွက်လာတာဖြစ်ပါတယ်။

 

အစိုးရရဲ့ စီးပွားရေးထိပ်တန်းအကြံပေးက ၂၀၂၀-၂၀၂၁ ရဲ့ ပထမ သုံးလပတ်မှာ နိုင်ငံရဲ့ စီးပွားရေးဟာ ၂၃.၀၉ ရာခိုင်နှုန်း ကျဆင်းတာနဲ့ ရင်ဆိုင်နေရပေမယ့် လာမယ့် နှစ်နှစ်မှာ စီးပွားရေး တစ်ရှိန်ထိုး တိုးတက်လာဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

 

လူဦးရေ ၁.၃ ဘီလီယံနေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ ၁၀.၅ သန်း ရှိတဲ့ အတွက် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ် ဒုတိယ အဆိုးဆုံး ခံစားရတဲ့ နိုင်ငံဖြစ်ပါတယ်။

 

ဒါပေမယ့် လက်တလောမှာ ဗိုင်းရပ်စ်ပိုး ကူစက်ခံရသူဦးရေ သိသိသာသာ ကျဆင်းသွားပြီး ဒီလအတွင်းမှာ ကာကွယ်ဆေး ထိုးနှံရေး ဧရာမစီမံကိန်းကလည်း စတင်နေပြီဖြစ်တဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည် လည်ပတ်နိုင်ဖို့ တာဝန်ရှိသူတွေက မျှော်လင့်နေကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP