အိန္ဒိယနိုင်ငံရှိ ဗြောက်အိုးဆိုင်များတွင် ပေါက်ကွဲမှုများဖြစ်ပွားသဖြင့် ၁၄ ဦးသေဆုံး

အောက်တိုဘာ ၁၈

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူပြည်နယ်တွင် ဗြောက်အိုးဆိုင်နှစ်ဆိုင်တွင် ပေါက်ကွဲမှုများဖြစ်ပွားသဖြင့် ယမန်နေ့က လူ ၁၄ ဦးထက်မနည်းသေဆုံးကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

တမီးလ်နာဒူပြည်နယ် မြို့တော် ချင်နိုင်၏အနောက်တောင်ဘက် ၅၄၇ ကီလိုမီတာခန့်အကွာ Virudhunagar ခရိုင်တွင် ယင်းသို့ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ်ပေါက်ကွဲမှုသည် Virudhunagar ခရိုင်ရှိ Rengapalayam ကျေးရွာရှိ Kanishkar ဗြောက်အိုးဆိုင်၏ အလုပ်သမားများသည် ၎င်းဆိုင်သို့ လာရောက်ဝယ်ယူသူများအား လက်တွေ့လုပ်ပြနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ဒုတိယအကြိမ်ပေါက်ကွဲမှုသည် Sivakasi မြို့အနီး Kichanayakanpatti ကျေးရွာရှိ ဗြောက်အိုးဆိုင်တစ်ဆိုင်တွင်  ဗြောက်အိုးထုတ်လုပ်မှုလုပ်ဆောင်နေစဉ် ဓာတုပစ္စည်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းပေါက်ကွဲမှုကြောင့် အလုပ်သမားတစ်ဦသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို