ဇွန် ၂၁
အိန္ဒိယနိုင်ငံ အနောက်ဒေလီရှိ ရှူးဖိနပ်စက်ရုံ၌ ယနေ့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လူခြောက်ဦးထက် မနည်း ပျောက်ဆုံးနေသည်ဟု အကြီးတန်းမီးသတ်ဦးစီးဌာနအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
အနောက်ဒေလီရှိ ယူဒရော့နာဂါ စက်မှုဇုန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုရှူးဖိနပ်စက်ရုံ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် လူခြောက်ဦးပျောက်ဆုံးနေကြောင်း ရှူးဖိနပ်စက်ရုံပိုင်ရှင်က ပြောကြားခဲ့သည်ဟု ဒေလီမီးသတ်ဦးစီးဌာန အကြီးအကဲ အာတူဂတ်က ဆိုသည်။
အဆိုပါပျောက်ဆုံးနေသူများကို ရှာဖွေရန် ၎င်းရှူးဖိနပ်စက်ရုံတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို