အိန္ဒိယနိုင်ငံသားခံယူနိုင်ခွင့်နှင့် ပတ်သက်တဲ့ ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြနေ

၁၇ ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံမှာ နိုင်ငံသားခံယူနိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြကြရာ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းတွင် လူခြောက်ဦးသေဆုံးပြီး နယူးဒေလီမြို့မှာ လူ ၂၀ဝ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ လူပေါင်း ၁၉၀ နီးပါး ဖမ်းဆီးခံနေရပါတယ်။ မနေ့ (တနင်္လာနေ့)က နယူးဒေလီ၊ ချန်နိုင်း၊ ဘန်ဂလောနဲ့ လက်ခ်နောင်း မြို့တွေမှာ ဆန္ဒပြပွဲတွေကို အကြီးအကျယ် လုပ်ဆောင်နေပါတယ်။ 

 

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံသားခံယူခွင့်ဥပဒေ CAB ဟာ နှစ်ပေါင်း ၆၄ နှစ်ရှိပြီး ဖြစ်ပါတယ်။ အဲဒီ ၆၄ နှစ်သက်တမ်းရှိတဲ့ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေသစ်မှာ နိုင်ငံခြားသားများ အိန္ဒိယနိုင်ငံထဲကို အသက်မဝင်တဲ့နိုင်ငံကူးလက်မှတ် သို့မဟုတ် ခရီးသွားလာခွင့်ကတ် အသုံးပြုပြီး ဝင်ရောက်သူ သို့မဟုတ် နေထိုင်ခွင့်ကျော်ပြီး နေထိုင်သူတွေကို တရားမဝင်နိုင်ငံတွင်း ဝင်ရောက်သူများအဖြစ် သတ်မှတ်ပြီး မူရင်းနိုင်ငံကို ပြန်ပို့ခြင်း သို့မဟုတ် ထောင်ချခြင်းများ ပြုလုပ်မည် ဖြစ်ပါတယ်။

 

mdn

 

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတွေက နိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်တာမျိုး သို့မဟုတ် ပြည်နယ်အစိုးရရဲ့ အလုပ်တွေမှာ အနည်းဆုံး ၁၁ နှစ် အလုပ်လုပ်ကိုင် ပြီးမှသာ နိုင်ငံသား လျှောက်ပိုင်ခွင့် ရှိမှာဖြစ်ပါတယ်။

 

ဒါပေမယ့် ဥပဒေသစ်မှာ အာဖဂန်၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ ဟိန္ဒူ၊ ဆစ်ခ်၊ ဗုဒ္ဓ၊ ဂျိန်း၊ ပါစီ နဲ့ ခရစ်ယာန် ဘာသာဝင်တွေ ကိုတော့ ချွင်းချက်အနေနဲ့ အိန္ဒိယနိုင်ငံမှာ ခြောက်နှစ် နေထိုင်ပြီး သို့မဟုတ် အလုပ်လုပ်ကိုင် ပြီးရင် နိုင်ငံသားလျှောက်ပိုင်ခွင့် ရှိကြောင်း သိရပါတယ်။ 

 

mdn

 

ဒါ့အပြင် အိန္ဒိယနိုင်ငံရောက် နိုင်ငံခြားသားများအား ပေးအပ်ထားတဲ့ နိုင်ငံသားဖြစ်ပိုင်ခွင့် OCI ကတ်ကိုင်ဆောင်သူတွေ သို့မဟုတ် နိုင်ငံခြားများအား ပေးအပ်ထားတဲ့ အိန္ဒိယနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်နဲ့ အလုပ်လုပ်ပိုင်ခွင့် ရှိသူများဟာ အိန္ဒိယနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ခဲ့ရင် OCI ကတ် ဆုံးရှုံးမှာဖြစ်ပါတယ်။

 

အခုဥပဒေဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ဟိန္ဒူအမျိုးသားအစိုးရကနေ သန်း၂၀ဝ လောက်ပဲ ရှိတဲ့ လူနည်းစု အစ္စလမ် ဘာသာဝင်တွေကို ခွဲခြားဆက်ဆံရေးအတွက် အစိတ်ပိုင်းဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

 

mdn

 

မိုဒီကတော့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေဟာ ဘယ်ဘာသာရေးအပါ်ကိုမှ သက်ရောက်မှုမရှိဘူးလို့ မနေ့က သူ့တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

 

MDN

ကိုးကား - AFP