အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ဗြောက်အိုးဆိုင်မီးလောင်မှုကြောင့်  လူ ၁၄ ဦးထက်မနည်းသေဆုံး

အောက်တိုဘာ ၁၀

 

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်ရှိ ဗြောက်အိုးဆိုင် တစ်ဆိုင်အတွင်း အောက်တိုဘာ ၇ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ညလုံးပေါက် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ပြောကြားသည်။

 

အဆိုပါ မီးလောင်မှုသည် ကာနာတာကာပြည်နယ် မြို့တော် Bengaluru ၏ Attibele ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

သေဆုံးသူအများစုသည် ထိုဆိုင်တွင် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကို သေချာစေရန် လေ့လာစိစစ်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောသည်။

 

မီးဘေးလုံခြုံမှုဆိုင်ရာ စံသတ်မှတ်ချက်များကို လိုက်နာမှုမရှိသည့်အတွက် ထိုဆိုင်ပိုင်ရှင်နှင့် မြေပိုင်ရှင်တို့ ပြစ်တင် ဝေဖန်ခြင်းခံရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို