အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၄ဝ နီးပါး သေဆုံး

နယူးဒေလီ နိုဝင်ဘာ ၁၄

အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပေါ်ပြီးလူ ၄၀ နီးပါးသေဆုံးခဲ့ရသည်ဟု သိရသည်။

ယခုနှစ်အတွင်း ပုံမှန်မဟုတ် ဘဲ ရွာသွန်းသည့်မိုးလည်း ဖြစ်သည်။ တမီးလ်နာဒူပြည်နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၁၄ ဦး သေဆုံးခဲ့ရသည်။ လမ်းမများနှင့် နေအိမ်များမှာ ရေလွှမ်းမိုးမှုကြောင့် ရေမြုပ်ခဲ့ရသည်။ ပြည်နယ်မြို့တော် ချန်နိုင်းတွင်လည်း အဆိုးရွားဆုံး ထိခိုက်ခံစားရပြီး ဒေသခံအများစုမှာ ရေကြီးမှုဒဏ်ကို အများဆုံးခံစားခဲ့ရသည်။ အနိမ့်ပိုင်းဒေသမှ ဒေသခံ ပြည်သူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ ရသည်။

ကျောင်းများ ပိတ်ထားရပြီး လေကြောင်းလိုင်းနှင့် ရထားလိုင်းများမှာလည်း အသွားအလာ ပြတ်တောက်ခဲ့ရသည်။ သီရိလင်္ကာနိုင်ငံတွင်လည်း လူ ၂၅ ဦး ထက်မနည်း သေဆုံးခဲ့ရသည်။ မြေပြိုမှုကြောင့် ငါးဦး ဒဏ်ရာ ရရှိခဲ့ပြီး လူပေါင်း ၂၀၀၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရသည်။

အင်န်အိတ်ချ်ကေ