အိန္ဒိယနိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံ ပေါက်ကွဲမှုကြောင့် နှစ်ဉီးသေ၊ ၁၅ ဉီး ဒဏ်ရာရ

၂၃ ဒီဇင်ဘာ

 

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတာပရာဒေ့ရှ်ပြည်နယ်ရှိ ဓာတ်မြေဩဇာစက်ရုံမှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူနှစ်ဉီး သေဆုံးခဲ့ပြီး၊ ၁၅ ဉီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း  ဒေသန္တရ ရဲအရာရှိတစ်ဉီးက ယနေ့၌ ပြောကြားခဲ့သည်။

 

 

အဆိုပါ မတော်တဆမှုသည် ဉတာပရာဒေ့ရှ်ပြည်နယ် ပူလာခရိုင်ရှိ ဓာတ်မြေဩဇာစက်ရုံတွင် ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

သေဆုံးခဲ့သူ နှစ်ဉီးမှာ အဆိုပါ စက်ရုံ၏ အကြီးတန်း အရာရှိများဖြစ်ကြပြီး ဒဏ်ရာရရှိသူများ အားလုံးကို ဒေသန္တရ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း သိရှိရသည်။

 

 

ဒဏ်ရာရရှိသူ ၁၅ ဉီးအနက် နှစ်ဦး၏ အခြေအနေက စိုးရိမ်ရသည်ဟု ဆိုသည်။

 

 

ဒဏ်ရာရရှိသူများမှာ အသက်ရှုကျပ်ကာ သတိလစ်မေ့မြောသည့် ရောဂါလက္ခာများကို ခံစားခဲ့ရကြောင်း ရဲအရာရှိက ထပ်လောင်းပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်