အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၁ ဦးသေဆုံးပြီး လေးဦးပျောက်ဆုံးနေ

၂၆ စက်တင်ဘာ

 

 

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှ ၁၅၀ ကီလိုမီတာအကွာ Pune တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ၁၁ ဦးသေဆုံးပြီး လေးဦးပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။

 

 

အဆိုပါ မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၁၁ ဦး ရှိရာ ယင်းမြို့၏ နေရာအမျိုးမျိုးတွင် လေးဦး ရေနစ်မြုပ်ခဲ့သော်လည်း နံရံပြိုကျမှုကြောင့် ခြောက်ဦး သေဆုံးခဲ့ကြောင်း အခြားတစ်ဦးမှာ မိုးရွာသွန်းမှုနှင့်ဆက်နွှယ်သည့် ဖြစ်ရပ်ကြောင့် သေဆုံးခဲ့ကြောင်း၊ လေးဦးမှာ ရေစီး၌ မျောပါသွားကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ယနေ့ပြောကြားခဲ့သည်။

 

 

မွမ်ဘိုင်းနှင့် ကပ်လျက်ရှိသော ဒေသများတွင် ဤရက်သတ္တပတ် အစောပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမည် ဖြစ်ကြောင်း အိန္ဒိယ မိုးလေဝသဦးစီးဌာနက ကြိုတင်ခန့်မှန်းချက်ထုတ်ခဲ့သည်။

 

 

အမျိုးသားသဘာဝဘေး တုံ့ပြန်ရေးဆိုင်ရာ တပ်ဖွဲ့မှ နှစ်ဖွဲ့ကို ကယ်ဆယ်ရေး လုပ်ဆောင်ရန်အတွက် တပ်ဖြန့်ချထားကြောင်း ထိုရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို