အိန္ဒိယနိုင်ငံတွင် ရေခဲမြစ်ပျော်ကျမှုကြောင့် ရုတ်တရက်ရေကြီးကာ လူအချို့ပျောက်ဆုံးနေ

mdn

နယူးဒေလီ ၇ ဖေဖော်ဝါရီ  

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်ပြည်နယ်တွင် ရေကာတာတစ်ခုထဲသို့ ရေခဲမြစ်ပျော်ကျမှုကြောင့် ရုတ်တရက်ရေကြီးခဲ့ရာ လူအများအပြားပျောက်ဆုံး လျက်ရှိပြီး သေဆုံးသူအချို့ရှိနိုင်ကြောင်း သိရသည်။

ရေကာတာကျိုးပေါက်မှုကြောင့် ရုတ်တရက် လျှံကျလာသည့်ရေများသည် ဥတ္တရာခန်ပြည်နယ်ရှိတောင်းတစ်လျှောက် စီးဝင်ခဲ့ကြောင်း သိရသည်။ ရုတ်တရက်ဖြစ်ပွားသည့် ရေကြီးမှုကြောင့် ကျေးရွာအများအပြားကို ကယ်ဆယ် ရွှေ့ပြောင်းရေးလုပ်ဆောင်ထားသော်လည်း ဒေသခံပြည်သူ ၁၅၀ခန့် ရေဘေး သင့်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

ရုတ်တရက်ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည့် ပုံရိပ်များကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။ အလွန်လျင်မြန်သည့် သဘာဝဘေးအန္တရာယ် ကျရောက်မှုတစ်ခုဖြစ်သောကြောင့် မည်သူ့ကိုမျှ သတိပေးနှိုးဆော်ချိန်မရလိုက်ကြောင်း၊ မိမိတို့ကိုယ်တိုင်ပင်ရေစီးနှင့်အတူမျောပါသွားခဲ့သလို ခံစားခဲ့ရကြောင်း အနီးအနားကျေးရွာတွင်နေထိုင်သည့် ဆန်းဆင်းရာနာက ပြောကြားခဲ့ သည်။ 

အိန္ဒိယဝန်ကြီးချုပ် နာရိန္တာမိုဒီက လက်ရှိဖြစ်ပွားနေသည့်အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ အဆိုပါနေရာရှိ ဒေသခံပြည်သူများ အားလုံး ဘေးကင်းစေရန် ဆုတောင်းမေတ္တာပို့သလျက်ရှိကြောင်း တွစ်တာ ပေါ်၌ ရေးသားဖော်ပြခဲ့သည်။ အိန္ဒိယလေတပ်ဖွဲ့ ကကယ်ဆယ်ရေးဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်းအစိုးရအဖွဲ့ ကပြောကြားခဲ့သည်။

အေအက်ဖ်ပီ