အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင် တွေ့ရှိ

၃ စက်တင်ဘာ

 

 

အိန္ဒိယနိုင်ငံတွင် ယနေ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရသူပေါင်း ၃၈၅၃၄၀၆ ဉီးအထိ ရှိလာခဲ့ပြီး သေဆုံးသူပေါင်း ၆၇၃၇၆ ဉီး ရှိကြောင်း အိန္ဒိယနိုင်ငံ ကျန်းမားရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

 

အိန္ဒိယ နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအသစ် ၈၃၈၈၃ ဉီးနှင့် သေဆုံးသူ ဉီးရေမှာ ၁၀၄၃ ဉီး ရှိသွားပြီဖြစ်သည်။

 

 

အဆိုပါ ကူးစက်မှုနှုန်းသည် အိန္ဒိယနိုင်ငံ၏ တစ်နေ့တာအတွင်း ကူးစက်မှု အမြင့်ဆုံးနှုန်း ဖြစ်သည်။

 

 

အိန္ဒိယနိုင်ငံ တစ်ဝန်း ပိုးရှိလူနာ ၈၁၅၅၃၈ ရှိပြီး၊ ၂၉၇၀၄၉၂ ဉီးအား ကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်သည်။

 

 

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း လူပေါင်း တစ်သန်းနီးပါး ရောဂါစစ်ဆေးမှုမှာ ပဉ္စမအကြိမ် ရှိလာခဲ့ပြီ ဖြစ်သည်။

 

 

အိန္ဒိယနိုင်ငံတွင် ယခုအပတ်အ င်္ဂါနေ့မှစပြီး ပိတ်ဆို့ထားမှုများ ဖြေလျော့ပေးမှုမှာ လေးပတ်မြောက်ပြီ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်