အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၆ ဦး ထက်မနည်းသေဆုံး

မေ ၂၉

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၆ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။ ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်သည် မေလ ၂၆ ရက်ကကုန်းတွင်းပိုင်းသို့မဝင်ရောက်မီ မြောက်ဘက်သို့ရွေ့လျားသွားသည်ဟု မိုးလေဝသတာဝန်ရှိသူများကဆိုသည်။ အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အနောက်ဘန်ဂေါပြည်နယ်တွင် အခြားခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ လေပြင်းများတိုက်ခတ်ပြီး မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ၎င်းနှစ်နိုင်ငံရှိ အခြေခံအဆောက်အဦးများနှင့်နေအိမ်များ ပျက်စီးသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေအိမ်အလုံးပေါင်း ၃၀၀၀၀ ကျော် ပျက်စီးခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို