အိန္ဒိယနှင့်မလေးရှားနိုင်ငံတို့၌ နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်

နိုဝင်ဘာ ၁၆

 

အိန္ဒိယနိုင်ငံတွင် စင်းလုံးငှားလေယာဉ်များဖြင့်လိုက်ပါလာသော ခရီးသွားများကို လွန်ခဲ့သောလက စတင်လက်ခဲ့ပြီးနောက် နယ်စပ်ဒေသများကို နိုင်ငံခြားခရီးသွားများအတွက် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။

 

အဆိုပါစီမံချက်သည် တနင်္လာနေ့က အသက်ဝင်ခဲ့သည်။ အိန္ဒိယနိုင်ငံသို့သွားရောက်မည့်သူများအနေဖြင့် ကိုဗစ်ရောဂါကူးစက်မှုမရှိကြောင်း ဆေးစစ်ချက်နှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်းစာရွက်ပြသနိုင်ရမည် ဖြစ်သည်။

 

ခရီးသွားများအနေဖြင့် သတ်မှတ်ထားသော နိုင်ငံများမှအပ ကွာရန်တင်း ဝင်ရောက်ရန်မလိုအပ်ပဲ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်သည်။

 

သို့ရာတွင် အိန္ဒိယနိုင်ငံသို့ ပုံမှန်လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့ထားသော်လည်း နိုင်ငံပေါင်း ၂၀ မှခရီးသွားများသည် အထူးလေယာဉ်များဖြင့် အမှန်တကယ် ဝင်ရောက်နိုင်ပြီဖြစ်သည်။

 

နယူးဒေလီမြို့ရှိ ခရီးသွားအေဂျင်စီ၏ ဦးဆောင်ညွှန်ကြားရေးမှူးက ခရီးသွားလုပ်ငန်းပြန်လည်ရပ်တည်ရန် အချိန်ယူရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

မလေးရှားနိုင်ငံတွင် လူသိများသောအပန်းဖြေလန်ကာဝီကျွန်းကို နိုင်ငံတကာခရီးသွားများအတွက် ယမန်နေ့က ဖွင့်လှစ်ပေးခဲ့သည်။

 

မလေးရှားနိုင်ငံသို့သွားရောက်မည့် နိုင်ငံခြားခရီးသွားများအနေဖြင့် ကိုဗစ်ရောဂါကူးစက်မှုမရှိကြောင်း ပီစီအာဆေးစစ်ချက်ပြသရမည်ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို