အိန္ဒိယတောင်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသည် လှေတိမ်းမှောက် ၁၁ဉီးသေ၊ ၂၀ ဉီး ပျောက်ဆုံး

၁၆ စက်တင်ဘာ

အိန္ဒိယနိုင်ငံတောင်ပိုင်းမြစ်တစ်ခုအတွင်း အပန်းဖြေ လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ လူပေါင်း ၁၁ဉီးသေဆုံးခဲ့ပြီး လူပေါင်း ၂၀ကျော်မှာ ပျောက်ဆုံးနေကြောင်း သိရသည်။

 

n111

 

အဆိုပါလှေပေါ်တွင် ခရီးသည် ၆၀ဉီးနှင့်လေယာဉ်အမှုထမ်းများ လိုက်ပါလာခဲ့ကြသည်။ တနင်္ဂနွေနေ့တွင် တောင်ပိုင်း အူတာပရာဒေ့ရှ်ပြည်နယ်မှ အပြန်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

မြစ်ထဲ၌ ရေနစ်မြုပ်သူ ၂၇ ဉီးကို ကယ်ဆယ်ခဲ့ကြောင်း ဒေသန္တအာဏာပိုင်များက ပြောကြားခဲ့သည်။ ၁၁ ဉီးမှာ သေဆုံးခဲ့ပြီး အမည်မသိသူ ၂၀ ဉီးမှာ ပျောက်ဆုံးလျက်ရှိသည်ဟု ဆိုသည်။

သင်္ဘောပေါ်တွင်လိုက်ပါလာသည့်သူများမှာ အိန္ဒိယနိုင်ငံသားများဖြစ်ကြသည်။

အဆိုပါလှေသည် စထွက်ပြီးချင်း တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တခရီးသွားကုမ္ပဏီတစ်ခုက ပြောကြားခဲ့သည်။ 

မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းအရင်းကိုမူ မသိရှိရသေးပေ။

စနေ့နေ့အတွင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လှိုင်းထန်မှုများ ဖြစ်ပေါ်နေသဖြင့် အခြားလှေများမှာ မထွက်ခဲ့ကြောင်း ဒေသန္တရမီဒီယာများက ပြောကြားခဲ့သည်။  

အဆိုပါ မတော်တဆမှုဖြစ်ပွားရာနေရာမှာ ရေစီးသန်သောကြောင့် အန္တရာယ်ရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့သည်။ သေဆုံးသူများမှာ ဆက်လက်မြှင့်တက်လာနိုင်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်