အိန္ဒိယတွင် အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ နှစ်ဦး တွေ့ရှိ

နယူးဒေလီ ဒီဇင်ဘာ ၃ 

အိန္ဒိယအစိုးရက ဒီဇင်ဘာ၂ ရက်က အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် သစ်ကူးစက်ဖြစ်ပွားသူ နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ပိုးတွေ့လူနာများမှာ အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကာနာတာကာပြည်နယ်မှဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခုအချိန်အထိ အိန္ဒိယနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်သစ်နှစ်ခုကို တွေ့ရှိခဲ့သည်။ ပိုးတွေ့လူနာနှစ်ဦးသည် ကာနာတာကာပြည်နယ်မှဖြစ်ကြောင်း အဆင့်မြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သူ လက်ဗ်အာဂါဝယ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အာဂါဝယ်ကအသက် ၆၆ နှစ်နှင့် ၄၆ နှစ်အရွယ် ကူးစက်ခံရသူ နှစ်ဦးနှင့်ထိတွေ့ခဲ့သူအားလုံးကို ခြေရာခံနေကြောင်း သိရသည်။

ဗီဇပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် နိုင်ငံတကာ ခရီးသွားများအတွက် တင်းကျပ်သည့် ဆောင်ရွက်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 

ဆင်ဟွာ