အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု  ၅၄၈၃၁၈ အထိမြင့်တက်

၂၉ ဇွန်

 

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ထပ်မံ သေဆုံးသူ ၃၈၀ ဦး ရှိပြီး သေဆုံးသူ အရေအတွက် ၁၆၄၇၅ ရှိကြောင်းနှင့် ရောဂါကူးစက်ခံရမှုပေါင်း ၅၄၈၃၁၈ ဦး ရှိကြောင်း အိန္ဒိယ ဖက်ဒရယ် ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့မနက်ပိုင်းတွင် ပြောကြားခဲ့သည်။

 

 

ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူပေါင်း ၃၂၁၇၂၃ ဦးရှိပြီး ၎င်းတို့မှာ ကျန်းမာရေး ကောင်းမွန်လာသဖြင့်  ဆေးရုံများမှ ဆင်းသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

 

ယခုအချိန်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၁၀၁၂၀ ရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

222