အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၈၉၉ ဦး ထပ်မံတွေ့ရှိ

၄ ဖေဖော်ဝါရီ

 

အိန္ဒိယ နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၈၉၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့အထိ ကူးစက်ခံရသူ ဦးရေ ၁၀၇၉၀၁၈၃ ဦးအထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၁၅၄၇၀၃ ဦး အထိ ရှိကြောင်း ထိုတရားဝင် ထုတ်ပြန်သော အချက်အလက်အရ သိရသည်။

 

ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၁၀၄၈၀၄၅၅ ဦးရှိပြီး နိုင်ငံအတွင်း ရောဂါ ကူးစက်ခံရသူ ၁၅၅၀၂၅ ဦးရှိနေဆဲ ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ပြီး ကျန်းမာရေး လုပ်သားများကို ဦးစားပေး ထိုးနှံခဲ့သည်။

 

ယခုချိန်အထိ ကာကွယ်ဆေး ထိုးနှံပြီးသူ ၄ ဒသမ ၅ သန်း နီးပါး ရှိသည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို