အိပ်ချိန်မှာ လျှပ်စစ်အလင်းရောင်ရခြင်းက အမျိုးသမီးတွေကို ကိုယ်အလေးချိန် တိုးစေကြောင်း လေ့လာတွေ့ရှိ

၁၂ ဇွန်

အိပ်နေစဉ် ရုပ်မြင်သံကြားဖွင့်ပြီး အိပ်သူ၊ အိပ်ခန်းမီးဖွင့် ဖွင့်အိပ်တတ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်အလေးတိုးဖို့ ပိုဖြစ်နိုင်ကြောင်း တနင်္လာနေ့က ထုတ်ဝေတဲ့ အမေရိကန်ဆေးပညာအဖွဲ့အစည်း၏ ဂျာနယ် (JAMA) မှာရေးသားထားပါတယ်။ 

အမေရိကန်နိုင်ငံသူ လေးသောင်းလေးထောင်ကို ငါးနှစ်ကြာလေ့လာသုတေသနပြုအပြီးမှာ အခုလိုရေးသား ထုတ်ဝေတာ ဖြစ်ပါတယ်။ ညအိပ်ချိန်မှာသဘာဝမဟုတ်တဲ့အလင်းရောင် (ALAN) ဖြစ်တဲ့ ညမီးမှိန်၊ ရေဒီယိုနာရီ၊ နဲ့ လမ်းပေါ်ကလျှပ်စစ်မီးအရောင်၊ ရုပ်မြင်သံကြားနဲ့ အခန်းမီးရောင် တွေအပါအဝင် မီးအလင်းရောင် ပေါ်မူတည်ပြီး ကိုယ်အလေးချိန် တိုးနိုင်တာကြောင်း ရေးသားထားပါတယ်။ 

သုတေသနပြုလုပ်နေစဉ် ငါးနှစ်အတွင်းမှာ အိပ်နေစဉ် ရုပ်မြင်သံကြားဖွင့်ထားခြင်းနဲ့ အခန်းမီးဖွင့် အိပ်တဲ့အမျိုးသမီးတွေဟာ တခြားအလင်းရောင်ထက် ၁၇ ရာခိုင်နှုန်း ပိုပြီးကိုယ်လေးချိန် ၅ ကီလိုဂရမ် (၁၁ ပေါင်) သို့မဟုတ် အဲဒီထက်များတဲ့ အလေးချိန် တိုးခဲ့ကြောင်း တွေ့ရှိရပါတယ်။  အိပ်ချိန် ၊ အစားအစာနဲ့ ကိုယ်လက် လေ့ကျင့်ခန်းတွေကလည်း ဆက်နွယ်မှုရှိတာကို တွေ့ရပါတယ်။ 

အလင်းရောင်ဟာ မယ်လတိုနင်ဟိုမုန်း (အိပ်ခြင်းနိုးခြင်းကိုလုပ်ဆောင်နိုင်တဲ့ဟိုမုန်း) ကို ထုတ်လုပ်ခြင်းကို အနှောက်အယှက်ပြု နိုင်တဲ့အတွက် အချိန်နဲ့အချိန် အစားအသောက်ပြုလုပ်ခြင်းကို ပျက်ပြားစေတတ်ကြောင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်ခြင်းတွေကို ဖြစ်စေတဲ့အတွက် ကိုယ်အလေးချိန်တိုးခြင်းနဲ့ အဝလွန်ခြင်းကို ဖြစ်စေတယ်လို့  ရေးသားထားပါတယ်။ 

ဗြိတိန်နိုင်ငံရှိ ဆာရေးတက္ကသိုလ်က ပရောဖက်ဆာ မာကွန်ဗွန်ရှန်တာက အခုတွေ့ရှိမှုဟာ အရင်က အကြံပြုချက်ကို သိပ်အပြောင်းအလဲမရှိပါဘူး။ 

ကောင်းကောင်းအိပ်ရေးဝစေဖို့အတွက် အိပ်ခန်းမှာ အလင်းရောင်မရှိအောင် လုပ်ဆောင်ထားပါဖို့လိုပါတယ်လို့ ပြောပါတယ်။ 

MDN
ကိုးကား - AFP