အိုဆာကာလေဆိပ်ရှိ လုံခြုံရေးဧရိယာကို ခေတ္တရပ်ဆိုင်း

၂၆ စက်တင်ဘာ

 

 

ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးစစ်ဆေးရာ ဓားတစ်ချောင်း တွေ့ရှိခဲ့သည့်အတွက် လေယာဉ်ခရီးစဉ်များကို အနှောက်အယှက် ဖြစ်စေခဲ့သည်။

 

 

All Nippon Airways လေကြောင်းလိုင်းများရှိရာ လေဆိပ်တောင်ဘက်ပိုင်းရှိ စစ်ဆေးရေး ဧရိယာတွင် အမျိုးသားတစ်ဉီး၏ ခရီးသည်အိတ် အတွင်းမှ ဓားတစ်ချောင်း တွေ့ရှိခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် ရဲများက ပြောကြားခဲ့သည်။

 

 

ထို့ကြောင့် အဆိုပါဧရိယာကို ယာယီပိတ်ထားခဲ့ပြီး စစ်ဆေးပြီးသော ခရီးသည်များအားလည်း နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးခဲ့သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် သန့်စင်ခန်းများနှင့် အမှိုက်ပုံးများတွင် သံသယဖြစ်ဖွယ်များအား လိုက်လံစစ်ဆေး ရှာဖွေခဲ့ကြောင်း လေဆိပ်အော်ပရေတာက ပြောကြားခဲ့သည်။

 

 

လေဆိပ်တွင် အဆိုပါဖြစ်စဉ်ကြောင့် လုံခြုံရေး စစ်ဆေးမှုများကို နောက်တစ်ကြိမ် ကျော်ဖြတ်ရန် စောင့်ဆိုင်းနေသူများနှင့် ရှုပ်ထွေးလျက်ရှိပြီး နေ့လယ်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင် နေကြောင်း သိရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-စုရည်